A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်
Fine for Google over French books
Morbi nunc ligula, et sed ornare eleifend, et quis elit. In hac et platea in. Aliquam porta quam et leo et eget aliquam libero tempor. Donec cursus odio ut ligula et molestie. Morbi nunc dolor, pharetra sit amet sagittis vel, convallis ut magna. Proin eget turpis eu lacus luctus iaculis vitae ac dolor. Duis tempus leo pulvinar odio malesuada in fermentum ante imperdiet. Pellentesque ipsum enim, congue id imperdiet ac, dapibus id nisi.
Phasellus quam sapien, interdum vel euismod eget, feugiat dapibus enim. Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Nam luctus consequat eros ac porta. Vestibulum non ante aliquam leo tincidunt pulvinar id ultricies augue. Proin aliquam volutpat euismod. Vivamus convallis volutpat lectus, ac porttitor nisi elementum vel. Integer venenatis libero at mi bibendum adipiscing sit amet id felis.
Donec eget consequat leo. Nulla dapibus augue ac neque dictum tincidunt. Nunc at mauris metus. Integer rutrum tempus nulla, eu tempor sem ullamcorper volutpat. Aliquam sed augue eros. Nunc a augue id nisl faucibus tempus. Suspendisse interdum aliquet tellus eget mollis. Vestibulum vel rutrum velit. Morbi pharetra imperdiet leo, et laoreet ante volutpat ac. Mauris ipsum lectus, congue non tempus quis, commodo vel metus. Nulla tincidunt porttitor elit, vel euismod massa posuere eu. Nam luctus bibendum tincidunt. Cras vitae semper nibh.
Sed vulputate sagittis sagittis. Pellentesque habit
Tags:
ကမ္ဘာ့သတင်း
စည်ပင်သာယာက ဖျက်၍ပျက်သည့် ချစ်ပုံပြင်
ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့... သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ..... ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့..... ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့..... ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....
.အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ..... အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့...... ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်... ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း ..... သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော... မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့.... ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ..... မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့....... သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော.... သိသိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့ အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့.... မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့.... ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့ ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့... ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်..... ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့..... သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့... ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း.... ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့... မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့...... ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ....... ....... ............... ........................... စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး သစ်ပင်ကြီးကိုလာခုတ်သွားပါလေရောတဲ့ကွယ်.
.............မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*•
.
Tags:
ရသစာစု
ရိုဟင်ဂျာ ပြသာနာ အစ ဘူးသီးတောင် ဘင်္ဂါလီ ကုလား က
၁၈-၂-၀၉
ယခုရက်ပိုင်း အတွင်း မြန်မာနိုင်ငံ မှ ဆိုပြီး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာ လူမျိုး များသည် ပင်လယ်ကို ကျော်ဖြတ်ကာ အိမ်နီးချင်း နိုင်ငံများ သို့ လှေဖြင့် ခိုး ၀င်မှုများ ဖြစ်ခဲ့သည် အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး အဖြေရှာ နေကြရပါသည်။
အဆိုပါ ရိုဟင်ဂျာ အရေးသည် မြန်မာနိုင်ငံ သည် ဒေသတွင်းမငြိမ် သက်မှုများ ဖြစ်ပေါ်စေသည် ဟုလည်း ပြည်ပြေး တစ်ချို့က အမျိုးမျိုး စွပ်စွဲ နေပါသည်။ပြည်ပြေးများ ၏ လိုလားချက်မှာ စစ် အစိုးရ ပြုတ်ကျရေး ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပျက်ဆီးရေး (၉၀)ရွေးကောက်ပွဲ အနိုင်ရ ပါတီများမှ အာဏာရယူရေး ပင် ဖြစ်ပါသည်။
.ဒေသ တွင်း တည်ငြိမ်အေးချမ်းမှုကို မြန်မာနိုင်ငံ အရေးသည် ခြိမ်းချောက်နေသယောင် လက်ညှိးထိုး ပြောဆိုမှုများ ရှိနေသလို ပြည်တွင်းမှ ဒီမိုကရေစီရေး ဆောင်ရွက်နေပါသည်ဆိုသည့် NLD ပါတီသည်လည်း ယခုကာလ တွင် နှာစေးချင်ယောင်ဆောင်နေပါသည်။ ဒါအပြင် NLD-CEC အတွင်းရေးမှူး ဦးဝင်းတင် သည်လည်း ရေငုံနှုတ်ပိတ် ဖြစ်နေပါသည်။
အမျိုးသားနိုင်ငံရေး အတွက် အလုပ်လုပ်မည် ဆိုပါက မိမိနိုင်ငံ၏ အချုပ်အချာ အာဏာ ၊ ဂုဏ်သိက္ခာကို ထိပါးလာပါက ၀ါဒ သဘောထား ခြင်းတူညီသည် ဖြစ်စေ ၊ မတူညီသည် ဖြစ်စေ အမျိုးသားရေး အတွက် မှန်ကန် သော ဘက်မှ ရပ်တည် သင့် ပြီး သင့်တင့်သော တုန့်ပြန်မှုများ ဖြင့် ပြောဆိုသင့်သည်ဟု ထင်ပါသည်။
မည်သည့် နိုင်ငံသားမဆို နိုင်ငံတော် ကို အုပ်ချုပ် သော အစိုးရ အား ဝေဖန်ခြင်း ၊ ဆန့်ကျင်ခြင်း များ ဆောင်ရွက် နိုင်သော်လည်း မိမိအမျိုးသား စု အင်အား တစ်ရပ်လုံးနှင့် ပတ်သက်လာလျှင် သော်လည်းကောင်း ၊နိုင်ငံတော် အချုပ်အချာ အာဏာနှင့် ပတ်သတ်လာလျှင်သော်လည်းကောင်း ဝေဖန် ၊ဆန့်ကျင်ခြင်းများ ဆောင်ရွက်လာပါက အမျိုးသားရေး သစ္စာဖေါက် ပင် ဖြစ်သည်။ ပြည်ပြေးများ သည် အမျိုးသား ရေး သစ္စာဖေါက် များပင် ဖြစ်ပြီး ၄င်းတို့ နှင့် အသွင်သဏ္ဍာန် ရော အနှစ်သာရ ပါတူုညီ နေသည့် ပြည်တွင်း NLD ပါတီ အပါအ၀င် နိုင်ငံရေး အင်အားစုများသည် အတူတူပင် ဖြစ်ချေသည်။
ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံရောက် ရိုဟင်ဂျာ အမည်ခံ ကုလားဆိုးများသည် မြန်မာနိုင်ငံမှ မဟုတ်ပါ။ တစ်ဖက် ဘင်္ဂလား နိုင်ငံမှ အလုပ်လက်မဲ့များ အများစု ပင် ဖြစ်ပြီး ၄င်းတို့အား ဘူးသီးတောင်မြို့၊ ဖရုံချောင်းကျေးရွာအုပ်စုမှ ဒိုးတန်း(၁)ကျေးရွာတွင် တရား မ၀င် နေထိုင်သော--
(၁) ဘာဆဲရ်(ဘ) ဦးကာလူ၊ ဟင်ပူ ဂျာ (ဘ)ဦးအုစ်မာန်ဂေါ်နီ၊
(၂) အာမာန်အူလ’ာ (ဘ)ဦးဒူရ်မာမတ်၊
(၄) အဒူဆော် လိမ်(ဘ) ဦးရာဆီဒိတ်၊
(၅) အဒူခေါ်ရိမ် (ဘ)ဦးမော်နူမျာ၊
(၆) အဒူလာကိမ်း (ဘ) ဦးဖော်ဇောလ်၊
(၇) ဇူဘိုရ် (ဘ)ဦးဟာဆောန်း၊
ပြိုင်းတောင်းကျေးရွာတရားမ၀င် နေထိုင်သော---
(၁) နူမာလာကိမ်း (ဘ)ဦးကာလာမျှာ၊
(၂) ဆိုက်ဖူလ’ာ၊(ဘ) အဒူရှူက္ကိုရ်တို့ (၉) ဦးမှ တဖက်နိုင်ငံသို့ ကမ္ဘာ့နိုင်ငံအများစုသို့ ရိုဟင်ဂျာဒုက္ခသည် အဖြစ် လူပို့ပေးရန် အဆက်အသွယ် သွားရောက်ရှာဖွေခြင်းဖြစ်ရာ ကုလား ဆိုးများနှင့် သတင်းအဆက်အသွယ်ပြုလုပ်ခဲ့သူုများ ဖြစ်ပါသည်။ ၄င်းတို့မှ ဘင်္ဂလား ဘက်မှ ကုလားဆိုးများအား မြန်မာနိုင်ငံ ခေါ်ဆောင်မည် ၄င်းမှ မြန်မာနိုင်ငံထက်ချမ်းသာသော နိုင်ငံများ သို့ ဆက်လက်ပို့ဆောင် ပေးမည် ဟုပြောဆို စည်း ရုံးကာ လူကုန်ကူးခဲ့ခြင်း ဖြစ်ပါသည်။အဆိုပါ (၉)ဦးသည် ဘင်္ဂလား သို့ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ တွင် သွားရောက်စည်းရုံးခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ တွင် ဘူးသီးတောင် သို့ ပြန်လည်ရောက်ရှိလာပါသည်။
အဆိုပါ ဘူးသီးတောင်မြို့၊ ဖရုံချောင်းကျေးရွာအုပ်စုမှ ဒိုးတန်း(၁)ကျေးရွာ နှင့် ပြိုင်းတောင်းကျေးရွာ များ မှာ လူမှောင်ခို ကုန်ကူးသူ များသည် နယ်စပ်အား တရားမ၀င်ကျော်ကူးကာ သွားလာလှုပ်ရှားနေခြင်းကို သက်ဆိုင် ရာ ဌာနဆိုင်ရာများမှလည်း လစ်လျူပြုထားသဖြင့် ရဲတင်းစွာ သွားလာ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
...............
http://www.tharkinwe.com/index.php?option=com_content&view=article&id=108:2009-04-30-08-51-36&catid=27&Itemid=21

သမိုင်းမှတ်စု
NLD, CRPP နဲ့ ရိုဟင်ဂျာ
ဒီကနေ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရေးတာတွေ ဖတ်ကြည့်တဲ့အခါ ဦးနုက သူ့ပါတီ အကျိုးအတွက် ကုလားတွေကို မွေးရာကနေ ရိုဟင်ဂျာ နံမည်က တရားဝင် ဖြစ်လာတယ်။ ရိုဟင်ဂျာ နံမည်ကို မိန့်ခွန်းထဲ ထည့်ပြောတာ၊ အသံလွှင့်တာ တွေကြောင့် ဒီကုလားတွေဟာ တိုင်းရင်းသား ယောင်ယောင် ဖြစ်လာတယ်ဆိုတာ တွေ့လာရတယ်။ ဒါဟာ နိုင်ငံရေးသမားတွေ မိမိအာဏာရရေး အတွက် အမျိုးသားရေးကို စတေးခဲ့တဲ့ အာဏာငန်း ဖမ်းခဲ့တဲ့ အဖြစ်ပဲ။
. ဒါပေမယ့် ဦးနု အာဏာရူးပြီး ကုလားကို သရဲမွေးခဲ့သလို ဒီချုပ်လည်း အဲဒီလိုဖြစ်ခဲ့ဘူးတယ်ဆိုတာ သိသူနည်းပါလိမ့်မယ်။ အဖြစ် ကဒီလို၉၅ မှာ ဒေါ်စု အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး အမျိုးသားညီလာခံမှာ တက်နေတဲ့ ဒီချုပ် ကိုယ်စားလှယ်တွေကို ပြန်ခေါ်လိုက်တယ်။ ညီလာခံကလည်း ၉၆ ထဲကျတော့ ခေတ္တရပ်ဆိုင်းတယ် ဆိုပြီး ရပ်သွားတယ်။ အဲဒီအချိန်မှာ နိုင်ငံရေး အခြေအနေက ရှေ့မတိုးနောက်မဆုတ် ဖြစ်သွားတယ်။ အစိုးရကလည်း ညီလာခံကို ဆက်မလုပ် နိုင်တော့ဘူး။ ဒီချုပ်ကလဲ ၉၀ လွှတ်တော်ကို ခေါ်နိုင်ဖို့ အတွက် အင်အားမရှိဘူး။ ဒီအခြေအနေမှာ ဒီအခြေအနေကို ရှေ့တိုးနိုင်ဖို့အတွက် ၈၉ တုံးက မလုပ် နိုင်ခဲ့တဲ့ တပ်ပေါင်းစု တည်ဆောက်ရေးကို လုပ်ဖို့လိုတယ်ဆိုပြီး ဒေါ်စုနဲ့ စီအီးစီတွေက ဆုံးဖြတ်ခဲ့ တယ်။ အဲဒီအချိန်မှာ ထောင်ထဲက ပြန်လွတ်လာတဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်း တို့ကလည်း သူတို့ပါတီထဲမှာ အစည်းအဝေးလုပ်ပြီး တပ်ပေါင်းစုဖွဲ့ရေးမဟာဗျူဟာကို ချ ခဲ့တယ်။ အဲဒီအစည်းအဝေးက ၉၅ နှစ်ကုန် ဒီဇင်ဘာလထဲမှာ လုပ်တာဖြစ်တယ်။
မွန်ခေါင်းဆောင်တွေက ဒီအကြံအစည်ကို ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့က ဦးသာဘန်း ၊ ဇိုမီး ကွန်ဂရက်က ပူကျင်းရှင်းထန် တို့ကို ချဉ်းကပ်ဆွေးနွေးတော့ သူတို့ကလည်း သဘောတူတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ထောက်လှမ်းရေးကလည်း တိုင်းရင်းသား ပါတီတွေကို မျက်စိဒေါက်ထောက် ကြည့်နေတော့ ပေါ်ပေါ်ထင်ထင် မလုပ်ရဲ့ဘူး။ နောက်ပြီး အဓိက တိုင်းရင်းသား ပါတီဖြစ်တဲ့ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မပါ ဘဲနဲ့လည်း ဆက်မလုပ်ချင်ကြဘူး။ SNLD က ရှမ်းပြည် နယ်မှာ အမတ်နေရာ ၂၃ နေရာရထားတာဖြစ်လို့ ဒီချုပ်ပြီးရင် ဒုတိယအား အကောင်းဆုံးပါတီလည်း ဖြစ်နေတယ်။ ဒါပေမယ့် SNLD ဟာ ကျန်တဲ့တိုင်းရင်းသားပါတီတွေကို သိတ်ပြီးအဖက်လုပ်တာ မဟုတ်ဘူး။ ဒါ့ကြောင့် တိုင်းရင်းသားပါတီတွေ ဖွဲ့ထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) မှာမပါဘူး။ နောက်ပြီး ဒီချုပ်ရဲ့ ဖက်ဒရယ် အပေါ်သဘောထားကို တိတိကျကျ မသိ ရလို့ သိတ်ပြီး ပူးပူးကပ်ကပ် မလုပ်ဘူး။
(http://padaukmyay.blogspot.com/)
၉၇ ခုနှစ် ဒီချုပ်ရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငွေသိန်းက SNLD ကဦးခွန်ထွန်းဦး နဲ့ ဦးအောင်ရွှေကို ချဉ်းကပ်ပြီး တပ်ပေါင်းစုဖွဲ့ရေးသဘောထားကို အလွတ်သဘောတင်ပြတယ်။ ဦးအောင်ရွှေက ဒီအဆိုကို မတ်လ စီအီးစီအစည်းအဝေးမှာ တင်တယ်။ ဦးခွန်ထွန်းဦးကတော့ တောင် ကြီးကို ပြန်သွားပြီး သူ့ဗဟိုကော်မတီဝင်တွေကို ရှင်းပြတယ်။ ၉၇ စက်တင်ဘာထဲရောက်တော့ ဒီချုပ် ရော၊ SNLD ကပါ တပ်ပေါင်းစုဖွဲ့ရေးကို သဘောတူလိုက်တယ်။ ဒါပေမယ့် ဒီချုပ်က တိုင်းရင်းသား ပါတီတွေနဲ့ တိုက်ရိုက်မတွေ့ဘဲ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြည်ကိုပဲ ဆက်သွယ်ရေး တာဝန်ခံ တာဝန်ပေးထားတယ်။
၉၈ ခုနှစ် ပြည်ထောင်စုနေ့မှာ ထုံးစံအတိုင်း ဒေါ်စုခြံထဲမှာ အခမ်းအနား လုပ်တယ်။ အဲဒီအခမ်း အနားကို ဗန်းပြပြီး တပ်ပေါင်းစု ဖွဲ့ရေးအစည်းအဝေးကို ဒေါ်စုထမင်းစားခန်းထဲမှာ လုပ်တယ်။ မှတ်မိသလောက် တိုင်းရင်းသား တွေဘက်က ဦးစောမရအောင်၊ ဦးအေးသာအောင်၊ ဦးသာဘန်း၊ နိုင်ငွေသိန်း ၊ ပူကျင်းရှင်းထန်၊ ဦးခွန်ထီး၊ စိုင်းညွန့်လွင်၊ ဦးခွန်ထွန်းဦး တို့တက်တယ်။ မွန်ဘက်က ဒေါက်တာ မင်းစိုးလင်း လည်းပါတယ်ထင်တယ်။ ဒီချုပ်ဘက်ကတော့ ဒေါ်စု၊ ဦးအောင်ရွှေ၊ ဦးလွင်တို့ တက်ပါတယ်။ ဒါပေမယ့်အဲဒီနေ့က သဘောတူညီချက် မရဘူး၊ အဓိကကတော့ ရှမ်းဘက်ကတင်တဲ့ ဖက်ဒရယ် မူနဲ့ပတ်သက်ပြီး ဒေါ်စုတို့ဘက်က တိတိကျကျ သဘောထား မပေးနိုင်လို့ပဲ။
နောက်တစ်ပတ်လောက် ကြာတော့ ဇိုမီးကွန်ဂရက်က ချင်းအမျိုးသားနေ့ ကျင်းပတယ်။ အဲဒီ အခမ်းအနားကို ဒေါ်စုနဲ့ ဦးတင်ဦးတက်ပြီး တပ်ပေါင်းစုကိစ္စ ဆက်ဆွေးနွေးတယ်။ နောက်တစ်ခါ တော်လှန်ရေးနေ့ အခမ်းအနားမှာ ထပ်ဆွေးနွေးတယ်။ နောက်ဆုံးတော့ မေ ၂၇ မှာလုပ်တဲ့ ရွေေးကာက်ပွဲ နှစ်ပတ်လည်ကြမှဘဲ သဘောတူညီချက်ရပြီး တပ်ပေါင်းစု ဖွဲ့ရေးအတွက် ဒေါ်စုက ခေါင်းဆောင်ပြီး လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။
ဒေါ်စုက တပ်ပေါင်းစုဆိုပေမယ့် တိုင်းရင်းသား ပါတီတွေတင်တဲ့ တပ်ပေါင်းစုပုံစံကို သဘော မကျဘူး။ ဟိုလူတွေပြောတဲ့ တပ်ပေါင်းစု ဆိုတာက တန်းတူညီမျှရေးမူနဲ့ ဖွဲ့တဲ့တပ်ပေါင်းစု၊ အားလုံး သဘောတူညီချက်နဲ့ လုပ်မယ့်တပ်ပေါင်းစု၊ ဒေါ်စုလိုချင်တာက ၈၉ တုံးက ၀ိဓူရ သခင်ချစ်မောင်တို့နဲ့ ဆွေးနွေးတုံးက ရပ်တည်ချက်အတိုင်းပဲ ဒီချုပ် တနည်း ဒေါ်စုခေါင်းဆောင်တဲ့၊ ဒေါ်စုကို အာဏာကုန် ပေးထားတဲ့ ပါတီပေါင်းစုံ အဖွဲ့ပုံစံ။ ဒါပေမယ့် တိုင်းရင်းသား ပါတီတွေမှာလည်း ရွေးစရာသိတ်မရှိဘူး။ ဒေါ်စုမပါရင် သူတို့ဘာမှလုပ်လို့မရ၊ နိင်ငံတကာ ထောက်ခံမှုမရ ဖြစ်နေတာကိုး။
ဒီတော့ တိုင်းရင်းသား ပါတီတွေ စိတ်ကူးယဉ်တဲ့ နိုင်ငံရေး တပ်ပေါင်းစုကြီးဟာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဆိုတဲ့ ကော်မတီအဆင့်နဲ့ ဇာတ်သိမ်းသွားတယ်။ အဲဒီကော်မတီဟာ ပြည်သူ့လွှတ်တော် မပေါ်မီ လွှတ်တော် ကိုယ်စား ပြင်ဆင်သင့်တာတွေ ပြင်ဆင်မယ်လို့ ဆိုတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုလို့ ဆိုတာကြောင့် ပြည်သူ့လွှတ်တော်မှာ အမတ်နေရာ အများဆုံးရထားတဲ့ ဒီချုပ်က ကော်မတီဝင် အများစု နေရာယူထားသလို ရွေးကောက်ပွဲ မ၀င်လိုက်ရ တဲ့ ဒေါ်စုက ကော်မတီခေါင်းဆောင် ဖြစ်လာတယ်။
အဲဒီလို ကော်မတီဖွဲ့မယ် လုပ်တော့ ဘယ်လိုပါတီတွေ ပါမလဲဆိုတဲ့ ပြဿနာ ပေါ်လာတယ်။ မူလ ဆွေးနွေးတဲ့ ဒီချုပ်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ဇိုမီး တို့အပြင် မျိုးချစ်၊ အမျိုးသား ဒီမိုကရေစီပါတီနဲ့ တစ်သီး ပုဂ္ဂလတစ်ဦး ပါလာတယ်။ ဒါတွေက ပြဿနာမပေါ်ဘူး၊ ဗမာပါတီတွေ ဖြစ်နေတာကိုး။ ပြဿနာက အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ဆိုတဲ့ ပါတီ။ တကယ်တော့ အဲဒီပါတီက ဘူးသီးတောင်၊ မောင်တောဒေသကို အခြေခံတဲ့ ပါတီဖြစ်ပြီး ၉၀ ရွေးကောက်ပွဲတုံးက ဘူသီးတောင်၊ မောင်တောဘက်မှာ ကိုယ်စားလှယ်လေးနေရာ အနိုင်ခဲ့တယ်။ အမတ်တွေ အားလုံးက ကုလားတွေချည်းပဲ။
အဲဒီပါတီက ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပုံတင်တဲ့အခါ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ အချိန်မှာ ရိုဟင်ဂျာ ဆိုတဲ့ စကားတစ်ခွန်းမှ မပါဘူး။ ရည်ရွယ်ချက် သုံးခုမှာ ပထမအချက်က လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ ဒုတိယအချက်က လူမျိုးအချင်းချင်း ချစ်ကြည်ဖို့နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး တွေမှာသာတူညီမျှ ရှိဖို့။ တတိယ အချက်က နိုင်ငံအတွင်းက ဒေသအချင်းချင်း ပိုပြီး နားလည်မှုရှိဖို့၊ တန်းတူညီဖို့ ဆိုပြီးပြောထားတယ်။ (ကုလားတွေဟာ အဲဒီအချိန်ထဲက လူ့အခွင့်အရေး ခေါင်းစဉ်ကို ရှေ့တန်းတင်ထားတယ် ဆိုတာတွေ့ရမှာပါ။ )
အဲဒီပါတီက ဒုဥက္ကဌလား၊ အတွင်းရေးမှူးလား မမှတ်မိတော့ဘူး ဦးမောင်မောင်တင်ဆိုတဲ့ ကုလားရှေ့နေရယ်။ ဦးကျော်မင်း(ခ) မာမက်ရှောင်ရှု ဆိုတဲက ကျောင်းဆရာဟောင်း၊ ဘူးသီးတောင်က ရွေးချယ်ခံ ကိုယ်စားလှယ်က CRPP ဖွဲ့ပြီး နောက်တစ်ရက်မှာ ဒေါ်စုကိုလာတွေ့ပြီး သူတို့လည်း CRPP မှာ ပါချင်တယ်လို့ တင်ပြတယ်။ ပြီးတော့ သူတို့ဟာ ရိုဟင်ဂျာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ် ဆိုပြီးပြောတယ်။ တကယ်တော့ အဲဒီပါတီက ရိုဟင်ဂျာ ပါတီအနေနဲ့ ဖွဲ့ခဲ့တာ မဟုတ်ဘူး၊ ဘူသီးတောင်၊ မောင်တောက ကုလားသူဌေးတွေငွေနဲ့ ရန်ကုန်ကုလားတွေက ဥက္ကဌ၊ အတွင်းရေးမှူး လုပ်ပြီးဖွဲ့ထားတာ။ အရွေးခံတော့ မောင်တောဘက်မှာ သွားအရွေးခံတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ နှစ်ဆယ်ကျော် ကင်းကွာနေတဲ့ ဒေါ်စုက ရိုဟင်ဂျာတွေ ဘာတွေ သိတ်သိတာ မဟုတ်ဘဲ နအဖကို တိုက်မယ့်သူဆိုရင် အကုန်ကြိုဆို နေတာဖြစ်တော့ သူသဘောတူတယ်လို့ ပြောလိုက်ပြီးနောက် တစ်ကြိမ် CRPP အစည်းအဝေးကို လာတက်ဖို့ မှာလိုက် တယ်။ အဲဒါကို စီအီးစီလည်း မသိဘူး။ CRPP မှာပါတဲ့ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးသန်းထွန်း၊ဦးလွင်၊ ဦးစိုးမြင့် တို့လည်း မသိလိုက်ဘူး။
အောက်တိုဘာလဆန်းမှာ လုပ်တဲ့ CRPP အစည်းအဝေး ကျတော့ ကုလားတွေ လာတက်တယ်။ အဲဒီအခါကျမှ ဒေါ်စုက ကျမဖိတ်ထားတာဆိုပြီး ဦးကျော်မင်းကို စကားပြောခွင့်ပေးတယ်။ ဦးကျော်မင်းက မဆလရော၊ နအဖကပါ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုခဲ့ကြောင်း၊ ဖိနှိပ်မှု တွေလုပ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သန်းချီပြေးရကြောင်း၊ အခုရွေးကောက်ပွဲမှာ အရွေးခံရပေမယ့်လည်း ရိုဟင်ဂျာတွေက နိုင်ငံရေး အတွေ့အကြုံမရှိလို့ ဘာမှ မလုပ်တတ်ကြောင်း၊ ဒါ့ကြောင့် ဒီချုပ် ဦးဆောင်မှုကို နာခံမှာဖြစ်ကြောင်း၊ ဒီချုပ်အနေနဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာတွေကို လက်ခံခြင်းအားဖြင် နအဖရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ သိအောင်ပြရာ ရောက်ကြောင်း စသည် စသည်ဖြင့် နတ်သံ နှောပြီးပြောပါတော့တယ်။ သူပြောပြီးတော့ ဒေါ်စုက အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ဆိုတာကို ရိုဟင်ဂျာ တိုင်းရင်းသား ပါတီအဖြစ် အသိအမှတ်ပြုပြီး CRPP ထဲမှာ လက်ခံဖို့ ဦးကျော်မင်း ကို ကော်မတီဝင် အဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်တော်မူပါတယ်။ အတွင်းရေးမှူး လုပ်နေတဲ့ ရခိုင် ပါတီက ဦးအေးသာအောင်နဲ့ ဦးအောင်ရွှေတို့က မရဲတရဲနဲ့ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီကို လက်ခံတာတော့ ပြဿနာမရှိပါဘူး။ သို့သော် ရိုဟင်ဂျာ တိုင်းရင်းသား ပါတီအဖြစ် သတ်မှတ်တာကတော့ ပြန်စဉ်းစားဖို့ လိုမယ်ဆိုပြီး ပြောရှာပါသေးတယ်။ ဒါပေမယ့် ဒေါ်စုပဲဗျာ။ အဲဒီလို ပြောတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်။ ဗီတိုနဲ့ ပယ်ချလိုက်တာပေါ့။ ပိတောက်မြေပို့စ်မှာ ပါတဲ့ မြန်မာပြည်မှာမွေးရင် မြန်မာတိုင်းရင်းသားပေါ့ ဆိုတဲ့ စကားဟာ အဲဒီအစည်းအဝေးမှာ ဒေါ်စု ပြောခဲ့တဲ့ စကားပါပဲ။ အဲဒီလိုနဲ့ CRPP ကော်မတီမှာ ဦးကျော်မင်းကို အဖွဲ့ဝင်အဖြစ် ထပ်တိုးဖွဲ့စည်းပေးခဲ့ရတယ်။
ပိတောက်မြေက သူ့ပို့စ်ထဲမှာ ဒီချုပ်ကရိုဟင်ဂျာ ကိစ္စမှာ နှာစေးနေတယ်လို့ မချင့်မရဲ ပြောထားတယ်။ နှာစေးရမှာပေါ့ဗျာ။ ဒေါ်စုကောင်းမှုကြောင့် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီဟာ ရိုဟင်ဂျာ တိုင်းရင်းသား ကိုယ်စားပြု ပါတီအဖြစ် ဒီချုပ်ရဲ့ မဟာမိတ်ပါတီဖြစ်ပြီး CRPP အဖွဲ့ဝင် ဖြစ်နေတာကိုး။ ကဲ ပုံပြင်လေးကတော့ ဒါပါဘဲ။ အာဏာရူးပြီး ကုလားကို တပည့်မွေးခဲ့တာ ဦးနု တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိစေချင်လို့ မျှဝေလိုက်တာပါ။
...............
http://tharsolay.blogspot.com/2009/02/nld-crpp_11.html