ဒီဒင်္ဂါး ကိုတွေ့ စက အတုလို့ ထင်မိတယ်။
ဗြိတိန် ပြတိုက်၊ လန်ဒန် ( British Museum, London ) က သုတေသန လုပ်နေဆဲ ဒင်္ဂါးပါ။ ပြတိုက်က ဒီဒင်္ဂါးပေါ်မှာရေးထားတဲ့ စာကို " နိတိ စန္ဒြ " လို့ လောလောဆယ် မှတ်ချက်ပေးထားပါတယ်။ တိကျသေချာတယ်လို့တော့ပြောမထားပါ။ မှားနေရင် ထောက်ပြပါလို့တော့ပြောထားတဲ့အတွက် ထောက်ပြဖို့ ကြိုးစားမိပါတယ်။
.သေချာတာကိုအရင်ပြောရရင် " နိတိ စန္ဒြ " ဒင်္ဂါး မဟုတ်ပါ။ ဒီဒင်္ဂါးပေါ်မှာရေးထားတဲ့ စာက ရှေးဟောင်း ဗြဟ္မီ အက္ခရာပါ ။ " နိတိ စန္ဒြ " ဒင်္ဂါး အစစ် နှင့် နှိုင်းယှဉ်ကြည့်လို့ရအောင် ပြထားပါတယ်။
ဒင်္ဂါး ပေါ်မှာ ရေးထားတဲ့စာ " နိတိ စန္ဒြ " မဟုတ်ရင် ဘာတွေရေးထားတာလဲ ၊ ဘယ်သူ့ နာမည်ဖြစ်မလဲ။ နောက်ဆုံး စာလုံး သုံးလုံးကိုဘဲ ဖတ်နိုင်ပါသေးတယ်။ သိရင်ပြောခဲ့ကြပါဦး။
ရခိုင် ဘုရင် " နိတိ စန္ဒြ " ဒင်္ဂါး
ရခိုင် ဘုရင် " နိတိ စန္ဒြ " ဒင်္ဂါး အကြောင်း အသေးစိတ် ကိုအရင်ပိုစ်တွေမှာ သေချာရေးပြီးသား ဖြစ်လို့ ထပ်မရေးတော့ပါ။
ရွှေမြန်မာ မှ ကူးယူသည် .
A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်
Home � သမိုင်းမှတ်စု � " နိတိ စန္ဒြ " ဒင်္ဂါး မဟုတ်ပါ
" နိတိ စန္ဒြ " ဒင်္ဂါး မဟုတ်ပါ
Posted by Myat Khine on 8:14 AM // 0 comments
0 comments to "" နိတိ စန္ဒြ " ဒင်္ဂါး မဟုတ်ပါ"