မီတိုင်တွေ မှိုတ်တုတ်မှိုတ်တုတ်နဲ့
သီတင်ကျွှတ်ညမှာ မီပုံးပျံတွေ
ပျံဝေးနေသလိုပါဘဲ တောင်တန်းကြားက
အမေတို့ရွှာကလေး
တီဗွီတွေ မရှိဘူး
အနီဝတ်မတွေလည်း မရှိဘူး
ကျောင်းဆရာမတွေလည်း မရှိဘူး။
.
ဘုရားကျောင်ဟာ စမ်းချောင်းရှင်မတွေလောက်
အစွမ်းမထက်ဘူးရယ်လို့ ယုံကြည်ထားတဲ့
အမေတို့ရွှာလေးကို
နအဖစစ်သားတွေက လာလည်ကြတယ်
ကြက်တွေတောင်းတယ် အရက်တွေချက်ပေးရတယ်
ညညကျရင် ထင်းပုံကြီးတွေနဲ့အတူ
အဟီဟီ တဟားဟားနဲ့
ရွှာထဲက အပျိုစစ်လေးတွေကိုပါ
အရက်တွေနဲ့အတူ စုပုံပေးရတယ်
မယုံနိုင်စရာ အဖြစ်ပျကလေးတွေကို
ခံစားနေရတဲ့ အမေတိုရွှာလေးဟာ
စည်းရုံးမှုတွေ ပျက်လာပြီတော
လူတွေကွဲပြီ ၀ါးတွေမျိုသွားခဲ့တယ်
တနေ့တော ရွှာသူလေးတွေဟာ
ပျက်စီသွာတဲ့ အမေတို့ရွှာလေးကို
မျက်နှာမှုပြီးတော အမေရယ်
ကျွှန်တော်တို့ မသေသေးသရွှေ့
ဝါးတွေမျိုသွားတဲ့ အမေတို့ရွှာလေးကို
ကျွှန်တော်တို့ ပြန်လည်တည်ဆောက်ပါရစေတဲ့။
..............
.
A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်
Home � ကဗျာ � တောင်တန်းကြားက အမေတို့ရွှာသို့
တောင်တန်းကြားက အမေတို့ရွှာသို့
Posted by Myat Khine on 6:47 PM // 0 comments
0 comments to "တောင်တန်းကြားက အမေတို့ရွှာသို့"