A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်

Home � ဆွမ်းဆန်ထဲကကြွက်ချေးများ (၁) -- မဟော်သဓာ

ဆွမ်းဆန်ထဲကကြွက်ချေးများ (၁) -- မဟော်သဓာ


တလောက နိုင်ငံတကာသတင်းတွေထဲမှာရော မြန်မာ့ပြည်ပသတင်းမီဒီယာလောကမှာပါ ဟိုးလေးတကျော် ဖြစ်သွားတဲ့သတင်းတစ်ခုကိုမြန်မာ့ အရေး စိတ်ဝင်စားစားသူတိုင်း မှတ်မိကြမှာပါ၊ဘင်္ဂါလီလူမျိုးလှေဖြင့်စွန့် စားပြီးအလုပ်သွားရှာကြသည့်လူမျိုးများကို ဖမ်းမိပြီးထိုင်းစစ်တပ်က ပင်လယ်ထဲပြန် မျောလွှတ်သည့်သတင်းဖြစ်ပါတယ်၊
.တကယ်တော့ဒီ နေ့ ကမ္ဘာပေါ်မှာ ရွှေ့ ပြောင်းအလုပ်သမားကိစ္စတွေဟာသိပ်ထူးခြားတဲ့ သတင်းတော့မဟုတ်ပါ ဘူး၊ငွေကြေးတန်ဖိုးနည်းတဲ့နိုင်ငံသားတွေဟာ ငွေကြေးတန်ဖိုးများတဲ့တိုင်းပြည်တွေဆီကိုဒီလိုပဲသွားလာလုပ်ကိုင်နေကြပါ။
ဥပမာ ပိုလန် နိုင်ငံသားတွေတော်တော်များများဟာ နော်ဝေးမှာလာပြီးအလုပ်လုပ်ကြပါတယ်၊သူတို့ က လုပ်ခဈေးသက်သာတော့နော်ဝေးအလုပ်ရှင် တွေက လည်းကြိုက်ကြပါတယ်၊သူတို့ ကအထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလုပ်ကိုင်ကြတာများပါတယ်၊နော်ဝေးလူမျိုးတွေရဲ့ လုပ်အားခ နှင့်ယှဉ်လိုက်ယင် တစ်ခါတစ်လေ ထက်ဝက်လောက်တောင်လျော့နေတတ်ကြနေပေမယ့် ရတဲ့လုပ်အားခကို ကိုယ့်နိုင်ငံက ငွေတန်ဖိုးနှင့်ပြန် တွက်ရင် ကိုယ့်နိုင်ငံထက်အများ=ကီးသာနေတာကိုး၊တကယ်တော့နော်ဝေးမှာဘယ်သူ့ ကိုမဆို အနိမ့်ဆုံးလစာကိုတန်းတူပေးရမယ်လို့ ဥပဒေရှိနေပေမယ့်ခုလို အလုပ်သမားဈေးကွက်မှာဖြစ်ပျက်နေတာကတော့စိတ်ဝင်စားစရာပါ၊အခြားအိမ်နီးချင်းနိုင်ငံတွေတချို့  ဥပမာ ဖင်လန် တို့  ဆွီဒင်တို့ ကလည်း အလုပ် လာလုပ်ကြတာကိုတွေ့ ရပါတယ်၊အာရှနိုင်ငံတွေနှင့်ကွာတာကသက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံကူး လက်မှတ်တွေနှင့်အတူလွပ်လပ်စွာသွားလာလို့ ရတာ နှင့်မရတာသာကွာပါတယ်၊

အခုလည်းကျနော်အထက်က ပြောခဲ့တဲ့ လူတစ်စုဟာ အဲဒီလိုပဲ သူတို့ က ကိုယ့်နိုင်ငံမှာ(ဘင်္ဂလာဒေ့ခ်ျ) မှာ စား ၀တ်နေရေးအဆင်မပြေတော့ အခြား ငွေကြေးတန်ဖိုးမြင့်မားပြီး အလုပ်အဆင်ပြေတဲ့နိုင်ငံတွေကို သွားပြီး အလုပ် ရှာကြတာပါ၊ ဒါပေမယ့် ပြဿနာက ထိုင်းစစ်တပ် ဒီလူတွေကိုဖမ်းမိပြီး ပင် လယ် ထဲကိုပြန်မျှောရာကနေ စတာ ပါ၊တကယ်တန်းဆိုယင်တော့ထိုင်းစစ်တပ်ကလဲ ဒီလိုလူသားချင်းမစာနာတဲ့ကိစ္စကိုမလုပ်သင့်ဘူးလို့ မြင်ပါ တယ်၊ တရားမ၀င် ၀င်ရောက်လာရင် တရားဥပဒေအရ လိုအပ်တာကိုလိုအပ်သလိုအရေးယူပြီးရင် သက်ဆိုင်ရာနိုင်ငံ တွေကိုလဲပြောင်းပေး၊ ဒါဟာ အပ်နှင့် ထွင်းရမယ့်ကိစ္စ ပါ၊ဒါပေမယ့် ဒီလောက်နှင့်ပြီးမသွားပါဘူး၊မီဒီယာဂုရုတွေက ဒီရြေ့ ပြောင်းအလုပ်သမားတွေကို သူတို့ ရဲ့ ပညာနှင့်အသုံးချ လိုက်တော့ ဒီဘင်္ဂါလီ မူဆလင်တွေကလည်း အရှင် လတ်လတ် ဘ၀ပြောင်းပြီးမြန်မာပြည်မှာ တစ်ခါမှ မရှိ မကြားဘူးတဲ့ ရိုဟင်ဂျာဆိုသူတွေဖြစ် ကုန်ကြပါတယ်၊ ရခိုင်ပြည်နယ်စပ်မြို့ တွေဖြစ်တဲ့ဘူးသီး တောင်နှင့်မောင်တောမြို့ ဆိုတာ ဟိုးအယင်ကတည်းကဘင်္ဂါလီ ရွှေ့ ပြောင်းအလုပ်သမားတွေမြန်မာပြည်ကို အလုပ်လာလုပ်ပြီးမပြန်ပဲ နည်းမျိုးစုံနှင့် ခိုကပ်နေထိုင် ကြတဲ့ မြို့ တွေဖြစ်ပါတယ်၊ဘာသာစကား။

ယျဉ်ကျေးမှုအားလုံးဘင်္ဂါလီတွေသာဖြစ်တယ်၊အဲဒီနယ်စပ်မြို့ များမှ ဘင်္ဂါလီ လူမျိုးများနှင့် ဘင်္ဂလာဒေ့ခ်ျ မှ ဘင်္ဂါလီတို့ ကအမြဲတမ်းဥဒဟိုသွားလာ နေကြ၊ သို့ သော်နောက်ပိုင်းထို သူတို့ က တစ်ခုစီစဉ်လာကြတာရှိသည်၊ဒါက အခြားမဟုပ်၊ဘဂ်ါလာဒေ့ခ်ျ နှင့်ရခိုင်ပြည်နယ်စပ်ကလူတွေ တင်ကြိုတင် သဘောတူထား ကြတာတွေရှိလုပ်ကြသည်၊လှေဖြင့်စွန်းစား ပြီးခရီးထွက်ကြမည်။ အဖမ်းမခံရလျှင်ဦးတည်ရာ နိုင်ငံတွေမှာကြုံသလို အလုပ်လုပ် ကြ မည်၊အဖမ်းခံရလျှင်မြန်မာပြည်ကဟုပြောကြမည်၊မြန်မာပြည်ဆိုတာက စစ်အုပ်ချုပ်ရေးကြောင့် လူ့ အခွင့်အရေးချိုးဖောက် သည်ဟုကမ္ဘာတွင် နာမည် ဆိုးဖြင့်ကျော် ကြားသောနိုင်ငံ၊ပြီးတော့ ဗုဒ္ဒဘာသာအများစု နေထိုင်သောနိုင်ငံ၊ထို့ ကြောင့်အဖမ်းခံရသည့်အချိန်တွင် အစိုးရလူ့ အခွင့်အရေးချိုးဖေါက် မှု။ ဘာသာရေးလွတ်လပ်ခွင့်မရှိုထွက်ပြေးလာရသည်ဟုဆိုလျှင်မိမိတို့ အနေဖြင့် နိုင်ငံတကာ. စာနာထောက်ထားစိတ်နာခြင်းကိုခံရနိုင်သည်၊ မြန်မာ ပြည်က နာမည်ဆိုးဖြင့်ကျော်ကြားနေသည်ဆိုတော့အခွင့်အခါကောင်းပင်ဖြစ်သည်၊ဆိုတော့မြန်မာပြည် ကမြန်မာစကား အတော်အတန် ပြောတတ် သော ဘင်္ဂါလီမူဆလင်တို့ က သတင်းထောက်တွေနှင့်လိမ်ညာလှည့်ပတ်လိုက်လျှင် ကျန်သည့်ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား တို့ ကအသာလေးငြိမ်နေလိုက် ရုံဖြင့်ကံကောင်းလျှင် ယူအင် .စောင့်ရှောက်မှုကိုခံရနိုင်ပြီး ထို့ ထက်ကံကောင်းလျှင်အခြား တတိယနိုင်ငံသို့ ပင်ရောက်သွားနိုင်သည်၊

ဒါကသူတို့  အဓိ ကရည်ရွယ်ချက်၊ထိုင်းစစ်တပ်.လုပ်ဆောင်ချက်တွေက သူတို့ အကြံအစီကိုအဓိက ပံ့ပိုးပေးသလိုဖြစ်သွားသည်၊ နိုင်ငံတကာမှ သတင်း သမားတွေဆို တာက မြန်မာ့သမိုင်းကိုက၍မ်းကျင်သည့် သမိုင်းပညာရှင်တွေမဟုတ် ၊မြန်မာ့သမိုင်းကိုလေ့လာနေသူတွေမဟုတ်၊ လူတစ်စုပင်လယ်ထဲ မှာဒုက္ခ ရောက် နေသည်၊ထိုလူစုကိုသတင်းတစ်ယောက်အနေဖြင့်တွေ မည်မေးမြန်းမည်၊ပြီးနောက်ထိုသတင်းကိုသက်ဆိုင်ရာမိခင်သတင်းဌာနကိုပို့ ပေးလိုက်သည်၊ သတင်းဌာနက ပို့ ပေးသောသတင်းကိုလွှင့်ပေးသည်၊သူတို့ ကသမိုင်းပညာရှင်တွေ မြန်မာ့အရေးကျွမ်းကျင်သူတွေမဟုတ်တော့ မြန် မာပြည်မှာ(နာမည်အလိမ်)ရိုဟင်ဂျာ လူမျိုးရှိမှန်းမရှိမှန်း သိကြသည်မဟုတ်၊လုပ်ရိုးလုပ်စဉ် သာမန်သတင်းတစ်ပုဒ်ကို လွှင့်ပေးရုံသာဖြစ်သည်၊ သို့ သော် ထိုသတင်းကိုဆက်ပြီးမေဪသူတွေကမြန်မာပြည်ပသတင်းသမားဆိုသူတွေ။နိုင်ငံရေးလှုပ်ရှားသူဆိုသူတွေဖြစ်သည်၊

ယနေ့ မြန်မာပြည်တွင်လူမျိုးပေါင်းစုံနေထိုင်ကြသော်လည်းထိုလူမျိုးတို့ တစ်ဦးနှင့်တစ်ဦးတို့ သမိုင်းအစဉ်အလာတွေကို သိပ်သိကြသည်မဟုတ်၊သမိုင်း ဆိုလျှင် ဗမာသမိုင်းအလွဲယင်ကျန်သောလူမျိုးများ.သမိုင်းကိုသိသူများ မှာလက်ချိုးရေတွကှ်ုရသည်၊ထို့ ကြောင့်ယနေ့ ပြည်ပရှိမြန်မာ့မီဒီယာသမား ဆို သူတွေအများစုတို့ တွေ။နိုင်ငံရေးတက် ကြွသူဆိုသူတွေမှာ အခြားလူမျိုးများ.သမိုင်းကိုမဆိုထားနှင့်မိမိတို့ သမိုင်းကိုပင် မိမိတို့ ဂဃ ဏဏ သိသူ အင်မတန်ရှားသည်၊

ထို့ကြောင့်လည်းနိုင်ငံခြားသတင်းဌာနအသုံးအနှုန်းအတိုင်း(ရိုဟင်ဂျာ)ဟူသောနာမည်အလိမ်ကိုမြန်မာပြည်ပမီဒီယာသမားတွေကနောက်ကလိုက် ပြီး သုံးနေကြသည်မှာရှက်ဖို့ ကောင်းလှပါသည်၊အမှန်မှာသူတို့ ဒီလိုမလုပ်သင့်ပေ၊ ဒီနာမည်တစ်ခုကိုတော့ နိုင်ငံတကာ သတင်းသမားတွေသုံးနေကြ ပြီ ၊ မြန်မာပြည်မှာကားရှိရဲ့ လား၊မသိသူကမှားယင်တောင်သိသူတွေကဆက်ပြီးမမှားရအောင်သတိထားရမည်ဖြစ်ပါသည်၊ ထို့ ကြောင့်မြန်မာသမိုင်း ပညာ ရှင်။ရခိုင်သမိုင်း ပညာရှင်တို့ ထံမေးမြန်းစုံစမ်းပြီးပညာရှင်တို့ .အတည်ပြုချက်ရမှ ထိုနာမည် ကိုသုံးသင့်ပါသည်၊ဒါက မီဒီယာကျင့်ဝတ်ကို လေး စား လိုက်နာသည့်သတင်းသမားတို့ သာလုပ်ကိုင်တတ်သည့်ကျင့်ဝတ်ဖြစ်သည်၊သို့ သော်ယနေ့ မြန်မာ့ လွပ်လပ်သည့်သတင်းမီဒီယာ သမားဆိုသူတွေ က ဒီလောက်ထိမီဒီယာကျင့်ဝတ်တွေ ကိုယ်ကျင့်တရားတွေကိုစဉ်းစားတတ် လောက်အောင် ရင့်ကျက်ကြသေးသည်မဟုပ်၊သတင်းတပုဒ်ကို ဒေါ်လာ ဘယ်လောက်ရမည်။ငါ့မှာ လုပ်ပိုင်ခွင့်လေးရှိတုန်း ငါသိပ်သဘောမကျသည့် ဘယ်သူ ဘယ်ဝါ ဘယ်လူမျိုးကိုတော့ဆော်လိုက်အုံးမည်၊ စသည်ဖြင့် သ ဘောထားသေးသိမ်သည့် လူများကိုအများအပြားတွေ့ နေရ သည်၊ထို့ ကြောင့်လည်း ရခိုင်သမိုင်း။မြန်မာ့သမိုင်းတွင် ဘယ်တုန်းကမှမရှိခဲ့သော။ နောင် လည်းဘယ်တော့မှရှိလာမည် မဟုတ်သော(ရိုဟင်ညာ)သို့ (ရိုဟင်ဂျာ)ဆိုသောအသုံးအနှုံးကိုတွင်တွင်သုံးပြီးမြန်မာ ပြည်ကလူမျိုး တစ်မျိုးဖြစ်လေဟန် ထုတ်လွင့်ရေးသားနေကြသည် ကိုဖတ်နေရ ကြားနေရသည်မှာစိတ်မချမ်းသာပါ၊အဘယ်ကြောင့်နည်း၊

ဘာသာရေး လူမျိုးရေးအရ မနာလိုမုန်းတီှးုမဟုပ်ပါ၊အမှန်တရားကိုလက်ခံထားလိုသူတစ်ယောက်အတွက် မမှန်သည့်လုပ်ရပ်။ မမှန်သည့်သတင်းကိုကြားရသည့်အခါဖြစ်တတ်သည့်သဘောသဘာဝကြောင့်ဖြစ်ပါသည်၊တစ်ချို့ က ကိုယ့်နာမည်ကိုကြိုက်သလိုခေါ်ခွင့်မရှိဘူးလားဟုစောဒက တက်ကြ သည်ကို တွေ့ ရပါ သည်၊ကြိုက်သလိုပြောင်းပိုင်ခွင့်ရှိပါသည်၊ ယခုကျနော့ကလောင်နာမည် မဟော်သဓာဖြစ်ပါသည်၊ နာမည်ရင်းမဟုတ်ပါ၊သို့ သော် ကျနော်သည် ပုဂလြိကတစ်ဦးဆိုင်နမ်ဖြစ်ပါသည်၊ကျန်သည့်လူများနှင့်မဆိုင်ပါ၊လူမျိုးတစ်မျိုးလုံးနှင့်ဆိုင်သည့် ကိစ္စများကို စဉ်းစားကြသည့် အခါ ကိုယ် ထင်သလို လျှောက်လုပ်၍မရ တော့ပါ၊အများသဘောတူ မတူထည့်တွက်ရပါသည်၊ အများဆနကြိုလေးစားဖို့ လိုလာပါသည်၊ရခိုင် ပြည်တွင်နေထိုင်ကြ သော ဘင်္ဂါလီမူဆလင်တို့ ကိစ္စတွင် ပြည်ပတွင်ရှိနေသော ကျေးဇူးကန်း ဘင်္ဂါလီမူ ဆလင်တစ်ချို့ က စားပေါက်ရှာရန် (အာရပ်ကမ္ဘာ)က အကူ အညီကို ရရန် ရခိုင်သမိုင်း။မိမိတို့ သမိုင်းကိုလိမ်ပြီးအရှက်မရှိပြောရဲသော်လည်း ပြည်တွင်းတွင်အေးအေးချမ်းချမ်းနေထိုင်လိုသော ကျေးဇူးတရားကိုသိတတ် သော ဘင်္ဂါလီမူဆလင်အများစုတို့ က ထိုကိစ္စမျိုးကိုမလိုလားကြပါ၊

ရခိုင်တို့ နှင့်ပဋိပက္ခဖြစ်မည့်ကိစ္စ မျိုး။ ကျေးစွတ်သည့်ကိစ္စမျိုးကို အထူးရှောင်ရှားလိုပြီးရခိုင်တို့ နှင့် အေးအတူ ပူ အ မျှ နေလိုကြပါသည်၊ အဘယ်ကြောင့် ဆိုသော်အကယ်၍ အကြောင်းအမျိုးမျိုးကြောင့်ပြဿနာတစုံတရာတက်ပြီး မိမိတို့ မိခင်နိုင်ငံဘင်္ဂလာကို ပြန်ပို့ ခံရလျှင် စားစရာမရှိ နေစရာမရှိဖြင့် လောကငရဲ သို့ အရှင်လတ်လတ်ရောက် သွားနိုင်သည်၊သူ တို့ ဤအရာကိုသေမလောက်ကြောက်ကြသည်၊ဒါကြောင့်လည်းပြဿနာ ကိုအတတ်နိုင် ဆုံးရှောင်ရှားလိုခြင်းဖြစ်သည်၊

သို့ သော်အကယှ်ု လူတစ်ချို့ က ကောင်းပြီ ငါတို့ ရဲ့ မူလနာမည်ဘင်္ဂါလီဆိုတဲ့နာမည်ကို တော့မသုံးလိုတော့ နာမည်အသစ်တစ်ခု ဆိုပါစို့ (ရိုဟင်ဂျာ) နာ မည်ကိုပြောင်းလိုသည်ဆိုလျှင် တရားဝင်တက်လာသောအစိုးရလက်ထက်တွင်ကျန်ဘင်္ဂါလီမူဆလင်အားလုံးတို့ သဘောထားကိုပါ ကောက်ခံပြီး တရား ၀င် ပြောင်းရပါမည်၊ဒါမှ တရားဝင်မည်ဖြစ်ပြီး အများဆန္ဒနှင့်လည်းကိုက်ညီပါမည်၊

လူမျိုးအချင်းချင်းကြားလည်းဘာပြသနာမှပေါ်စရာမရှိပါ၊အခုကဲ့သို့ ထင်ရာလျှောက်ပြော။လျှောက် လုပ်နေကြလျှင် ပြဿနာမှာမကြီးသင့်ဘဲ ကြီးထွား လာနေပြီး စစ်အစိုးရ. အကြိုက်ဖြစ်သွားပါမည်၊မြန်မာပြည်အေးချမ်းမှုကို လိုလားသည်ဆိုသော နိုင်ငံရေးဂုရုကြီးတွေကလည်းမီးစတဘက်။ဒေါ်လာတ

ဘက် မီးလောင်ရာလေပင့်မလုပ်သင့်ပါ၊

နောက်ပြည်ပအစိုးရအဖွဲ့ .၀န်ကြီးဆိုသူ လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေကပါ မဆင်မခြင် ထိုလုပ်ကြံဖန်တီးထားသော လူမျိုးနာမည်ကို တကယ်ရှိ လေဟန် သံယောင်လိုက်ပေးနေကြသည်ကိုကြားရသည့်အခါ ပို၍ပင် သံဝေဂရစရာများကိုတွေ့ ရပါသည်၊ဒါကြောင့်လည်း ဒီလိုဗဟုတအသိအမြင်နည်း

ကြလို့ လည်း နအဖ ကိုမဖြုတ်ချနိုင်ကြတာကိုးဟုသဘောပေါက်လိုက်မိပါသည်၊ကိုယ့်တိုင်းပြည်မှာလူမျိုးဘယ်နှစ်မျိုးရှိမှန်း တောင်မသိဘဲ လွတ်တော် ကိုယ်စားလှယ်ဖြစ်လာကြသည်ကိုလည်းအမှန်တကယ် အံ့သြမိပါသည်၊တကယ်တော့ နအဖသိပ်တော်လို့ မဟုပါဘဲ ကိုယ့်လူတွေညံ့လို့ ဆိုတာကို သေ သေချာချာသတိထားလိုက်မိသည်၊အလှူရှင် အင်ဂျီအို တွေက မျက်နှာညို ငြိုငြင်မည့်ကိစ္စဆိုလျှင် မျက်နှာဖြူဆရာကြီးများအလိုကျမည်ဆိုလျှင် လူမျိုး ပျောက်မည်၊ ဘာသာပျောက်မည်ကို လုံးဝထည့်မစဉ်းစားကြပဲတနပ်စားကြံနေကြသည့် ဒီလူတွေသာမြန်မာပြည်မှာအာဏာပါဝါတွေရသွားကြလျှင် ကျနော်တို့ နောင် လာနောက်သားတွေရဲ့ ဘာသာ-သနာအရေးကို ကျနော်မတွေးရဲတော့ပါ၊

...................
http://www.thuriya.org
ဆက်ပါဦးမည်။.

0 comments to "ဆွမ်းဆန်ထဲကကြွက်ချေးများ (၁) -- မဟော်သဓာ"

Leave a comment

Copyright 2009 Simplex Celebs All rights reserved Designed by SimplexDesign